ယူ-၁၇ ကမ္ဘာ့ဖလား ဆီမီးပွဲစဉ် အွန်လိုင်းမှ ကြိုတင်လက်မှတ်ဝယ်လိုသူ တသန်းကျော်ရှိ

အင်္ဂလန်အသင်းနဲ့ ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ အိန္ဒိယနိုင်ငံ ကာလ်ကတ္တားမြို့မှာ ကစားကြမှာဖြစ်ပြီး ဒီပွဲကို အွန်လိုင်းကနေ ကြိုတင်လက်မှတ်ဝယ်လိုသူ ပရိသတ် ၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက ဒီပွဲစဉ်ကို ဂူဝါဟာတီမြို့မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း မိုးသည်းထန်စွာရွာတာကြောင့် ကာလ်ကတ္တားမြို့က ဆော့လိခ်ကွင်းမှာ ပြောင်းရွှေ့ ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးကတော့ အင်ဒီရာဂန္ဒီကွင်းကြီးဟာ အန္တရာယ်များတဲ့ ကွင်းတကွင်းလို့ ဆိုထားပေမယ့် အိန္ဒိယ ပြည်တွင်းပရိသတ် ၁ သန်းကျော်ဟာ မြို့နှစ်မြို့ရဲ့ အကွာအဝေး ကီလိုမီတာ ၁၀၀၀ ကျော်ပေမယ့်လည်း ပြောင်းရွှေ့ကြည့်ရှုလိုနေကြပါတယ်။ ယူ-၁၇ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် ဘရာဇီးအသင်းနဲ့ အင်္ဂလန်အသင်း၊ မာလီအသင်းနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

More News
Up