နေပြည်တော်-ပြည် ရထားလမ်းချော်မှု ဖြစ်ပွား

  ပြည်မြို့ကနေ နေပြည်တော်ကို ထွက်တဲ့ ရထားတစင်း အောက်တိုဘာ ၂၅ ရက် မနက် ၆ နာရီခွဲမှာ ပြည်မြို့အထွက်မှာပဲ လမ်းချော်မှုဖြစ်ပွားခဲ့ကာ ရထားခရီးစဉ် ယာယီရပ်တံ့ ထားလိုက်ရပါတယ်။ ရထားလမ်းမှာ လမ်း(၂)ခုအဆက်မှာ လမ်းပြောင်းလမ်းကူးတဲ့နေရာမှာ ချို့ယွင်းမှုကြောင့် လမ်းချော်သွားတာလို့ အထူးတန်း ရုံပိုင်ကြီး ဦးသောင်းလွင်က ဒီဗွီဘီကိုပြောပါတယ်။ “ရထားကတော့ မှောက်မသွားပါဘူး။ အခုတော့ စက်ခေါင်းတခေါင်းနဲ့ ဆွဲရင်းနဲ့ ဂျိုက်တွေနဲ့ မတင်နေပါတယ်။ ကားကရိန်းတစီးတော့ လှမ်းအကူအညီတောင်းထားပါတယ်။ အဓိကဖြစ်တာ ကလည်း ရထားလမ်းချို့ယွင်းမှုကြောင့် ဖြစ်တာပါ။ လမ်းတွေပြင်ဖို့တော့ လိုအပ်မယ်” အဲဒီရထားက အရင်က ပြည်-နေပြည်တော်နေ့စဉ်ပြေးစွဲလာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူစီးနည်းလာတာကြောင့် (၂)ရက်တစီးပဲပြေးဆွဲပါတယ်။ အခုဒီနေ့လည်း ခရီးသည် ၁၇ ယောက်ပဲ ပါလာပြီး သူတို့ကိုတော့ ရွှေတခါးဘူတာထဲမှာ ခဏပို့ထားပါတယ်။ ထိခိုက်သူတော့ တယောက်မှ မရှိပါဘူးလို့ ရုံပိုင်ကြီးကဆက်ပြောပါတယ်။ အဲဒီရထားက ပြည်မြို့ အထွက် ၃ မိုင်ကျော်လောက်က မြို့သစ်ဘူတာ အလွန်၊ ရွှေတံခါး ဘူတာအ၀င်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်တိုင် (၁၅၇)(၁၇-၁၈)ကြားမှတ်တိုင်မှာဖြစ်ပွားခဲ့တာပါ။ သတင်း - မင်းညို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up