အိုဇေးလ် မန်ယူပြောင်းမည့်သတင်း မမှန်ဟု အာစင်ဝင်းဂါး ပြော

ဓာတ်ပုံ - Getty
အာဆင်နယ်အသင်းရဲ့ အဓိက အားထားရတဲ့ ကွင်းလယ်လူ အိုဇေးလ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်း မမှန်ကန်ဘူးလို့ နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ အာစင်ဝင်းဂါးက သူတို့အနေနဲ့ သတင်းအမှားတွေ ဝန်းရံနေတဲ့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်၊ အိုဇေးလ်အနေနဲ့ အသင်းမှာ ပျော်ရွှင်နေတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပြီး ကွင်းထဲက တကယ့်ဖြစ်ရပ်တွေကိုပဲ သူယုံကြည်တယ်လို့ ပြောကြားခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းကို ၂၀၁၃ ခုနှစ်ကတည်းက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၂၃ ပွဲမှာ ၂၄ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်သလို ဂိုးဖန်တီးမှု အကောင်းဆုံး ပြုလုပ်ပေးနိုင်တဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်။

//
More News
Up