ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ မန္တလေးမြို့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
October 25, 2017
မြန်မာပြည် ငြိမ်းချမ်းဖို့အတွက် တတိယအကြိမ်မြောက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကို မနေ့ ညနေက မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တတိယအကြိမ်မြောက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီက မန္တလေးမြို့ ၆၂လမ်း မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဆရာတော် သံဃာတော်များ၊ သီလရှင်မျာနှင့် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် ကျောင်းသူ/ကျောင်းသားများ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒေါက်တာရဲလွင် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ၊ ဒေသခံပြည်သူတွေ တက်ရောက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်