လက်ပံတောင်းတောင်အရေး ၄ ပွင့်ဆိုင်တံခါးပိတ်ဆွေးနွေး

2.5K
လက်ပံတောင်းတောင် အရေးနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီလောက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ၀မ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်၊ အစိုးရနဲ့ ဒေသခံတွေပါတဲ့ ၄ပွင့်ဆိုင်တံခါးပိတ်ဆွေးနွေးနေကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ဒေသခံတွေကတော့ အစားထိုးမြေယာဧက ၁၉၀၀ ဖော်ဆောင်ပေးရေးကို အဓိကထားဆွေးနွေးသွားမယ်လို့ ဆွေးနွေးပွဲမှာပါဝင်သူ ဆည်တည်းရွာက ဒေါ်ရီဝင်းက ပြောပါတယ်။
ဒီအစည်းဝေးပွဲမှာ အစိုးရအဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လယ်ဆည် ၀န်ကြီး ဦးကမ်ဇာမုံ၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်တို့ပါဝင်ပြီး ဝမ်ပေါင်ကုမ္ပဏီက စီမံကိန်းတာဝန်ခံ ဦးလှစိန့်ဦးဆောင်တဲ့အဖွဲ့၊ ဦးပိုင်ကတာဝန်ရှိသူတွေနဲ့ ဒေသခံ ၇ ဦးတို့ ဆွေးနွေးနေကြတာပါ။