အကြမ်းဖက်မှုတိုက်ဖျက်ရေး အတူကြိုးပမ်းမည်ဟု အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ကတိပြု

ဓာတ်ပုံ - အေအက်ဖ်ပီ
ဖိလစ်ပိုင်နိုင်ငံမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အတူတကွ ကြိုးပမ်းမှာဖြစ်တယ်လို့ အာဆီယံနိုင်ငံ ကာကွယ်ရေးအကြီးအကဲတွေ အောက်တိုဘာ ၂၃ ရက်နေ့က ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ကလပ်မြို့မှာပြုလုပ်တဲ့ ၁၁ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ  အစည်းအဝေးမှာ အခုလို လက်မှတ်ရေးထိုးခဲ့တာပါ။ အာဆီယံ ၁၀ နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေဟာ ဒေသတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြတဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒ တန်ပြန်ဆောင်ရွက်ရေးမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ထပ်လောင်းအတည်ပြုတဲ့ ပူးတွဲ ကြေညာချက်ကို လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေဟာ မာရာဝီမြို့ကို အိုင်အက်စ်တွေ လပေါင်းအတော်ကြာ ဝန်းရံပိတ်ဆို့ထားခဲ့မှုကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ဖိလစ်ပိုင်အစိုးရရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကိုလည်း အပြည့်အဝ ထောက်ခံခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up