တောင်တွင်းကြီးမြို့တွင် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပမည်
DVB
·
October 24, 2017
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ သီရိမင်္ဂလာတိုက်သစ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ကျောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ကျောင်းကော်မတီအဖွဲ့ထံမှ သိရပါတယ်။
အခုနှစ်မှာ ကျင်းပမယ့် နိဗ္ဗာန်ဈေးပွဲတော်ဟာ ၅ နှစ်မြောက် ကျင်းပတာဖြစ်ပြီး ပါဝင်ဆင်နွှဲကြမယ့် မြို့ပေါ်ရှိ ကလေးငယ်တွေကို မြန်မာ့ရိုးရာမုန့်အမျိုးပေါင်း ၂၀ ကျော် လှူဒါန်း ကျွေးမွေးမှာ ဖြစ်ပါတယ်။ စာသင်သား သံဃာငယ်လေးတွေကို လက်ဆောင်ပစ္စည်းတွေ လှူဒါန်းတာ ပြုလုပ်သွားမှာဖြစ်ပြီး လာရောက်လည်ပတ်တဲ့ ပြည်သူတွေအတွက် စတုဒိသာ မုန့်ဟင်းခါးနဲ့ ကျွေးမွေးဧည့်ခံမယ်လို့ သိရပါတယ်။
အထူးအစီအစဉ်အဖြစ် ဓမ္မစကူးလ်ကလေးငယ်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု၊ တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရိုးရာ ရုပ်သေးကပွဲတွေနဲ့ ဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်။
သတင်း - သားကြီး (တောင်တွင်းကြီး)