A d v e r t i s e m e n t With Us

သမီးရင်းက ဖခင်ဖြစ်သူအား ရထားသံလမ်းပေါ်ဆင်း သေကြောင်းကြံခိုင်းခဲ့သည့် ရုပ်သံ ပျံ့နှံ့

သမီးရင်းဖြစ်သူက အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဖခင်ကို ရထားသံလမ်းပေါ် ဆင်းစေပြီး သေကြောင်းကြံစည်ခိုင်းခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒါဟာ အာမခံလျော်ကြေးရဖို့အတွက် ဖခင်ကို သံလမ်းပေါ်မှာ ခုလို သတ်သေခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဖိုးအိုဟာ ဘူတာရုံ ပလက်ဖောင်းရှေ့ သံလမ်းပေါ်မှာ ရပ်နေခဲ့ပြီး ရထားအလာကို စောင့်နေခဲ့တာ တွေ့ရပါတယ်။ အဲဒီအချိန်မှာပဲ အနီးနား မျက်မြင်တွေ့ရှိသူတွေက အဖိုးအိုကို ပလက်ဖောင်းပေါ် ဆွဲတင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမယ့် သမီးဖြစ်သူက အဲဒီလူတွေကို ဆိုးဆိုးဝါးဝါး တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။ သူဟာ ဖခင်ဖြစ်သူကို ဆွဲတင်ခဲ့တဲ့ အမျိုးသားကို ရန်တွေ့ ပြောဆိုခဲ့ပြီး ဖခင်ကို ခြေနဲ့ကန်ကျောက်ခဲ့တာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို Elite Readers အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး သမီးဖြစ်သူရဲ့ အပြုအမူအပေါ် ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ တချို့ကလည်း ငွေအတွက် ဖခင်ဖြစ်သူကို ခုလိုခိုင်းစေခဲ့တာဟာ တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေတခုအဖြစ် မှတ်ချက်တွေ ရေးခဲ့ကြပြီး တချို့ကတော့ သူ့ရဲ့ဖခင်အပေါ် ရက်ရက်စက်စက် ပြုမူမှုအတွက် အပြစ်ပေးသင့်တယ်ဆိုပြီး ပြောနေကြပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ အဲဒီစာမျက်နှာမှာ ဖော်ပြထားတာ မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up