Home
မြန်မာသတင်း
ARSA အကြမ်းဖက်မှုကြောင့် ကျဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများကို ကူညီထောက်ပံ့
DVB
·
October 24, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ အနောက်တံတား လူမှုကယ်ဆယ်ရေးအဖွဲ့ (WADB) မှ ကြီးမှူးကျင်းပပြီး ဝေဠုကျော်ဖောင်းဒေးရှင်းနဲ့ ဝေဟင်အောင် ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ ARSA အကြမ်းဖက်မှုကြောင့် ကျဆုံးသွားတဲ့ မိသားစုတွေကို ကူညီထောက်ပံ့တဲ့ အခမ်းအနား မနေ့က ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း စတင်ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တာတွေကြောင့် ဘူးသီးတောင်မြို့နယ်မှာ တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေး ကျဆုံးခဲ့ကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်တာ အပါအဝင် ကျန်ရစ်သူ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဘူးသီးတောင်မြို့၊ လမ်းမကျောင်းတိုက် ဓမ္မာရုံမှာ အနောက်တံခါး လူမှုကယ်ဆယ်ရေးအဖွဲ့ (WDAB) (ဘူးသီးတောင်မြို့)မှ ကြီးမှူးပြီး အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁ နာရီမှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။ “မြန်မာနိုင်ငံ သမိုင်းမှာ အကြမ်းဖက်သမားတွေ လက်နက်ကိုင်ပြီး နေရာ ၃၁ နေရာ ဝင်ရောက်တိုက်ခိုက်တာ တကြိမ်တခါမှ မဖြစ်ခဲ့ဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတောင် အင်နဲ့ အားနဲ့ အကြမ်းဖက်ခဲ့တယ်။ ပြည်သူအတွက် အသက်ပေးပြီး ကာကွယ်ခဲ့တဲ့ မိသားစုဝင်တွေအတွက် ကျင်းပရတာဖြစ်ပြီး ရန်ကုန်အဖွဲ့မှ ၁ သိန်းကျပ်နဲ့ ဝေဠုကျော်/ဝေဟင်အောင်အဖွဲ့မှ သုံးသိန်းကျပ် ပေါင်း လေးသိန်းကျပ် ထောက်ပံ့ခဲ့ကာ ဘူးသီးတောင် အခြေစိုက် အနောက်တံတား လူမှုကယ်ဆယ်ရေးအဖွဲ့ WADB ကိုဝေဟင်အောင် ပရဟိတအဖွဲ့မှ ကျန်းမာရေးအရေးပေါ်ကိစ္စ ဆောင်ရွက်နိုင်ရန် လူနာတင်ယာဉ်တစီး လှူဒါန်းခဲ့တယ်"လို့ စာရေးဆရာ ဝေဟင်အောင်က ဒီဗွီဘီကို ပြောပါတယ်။ ကိုဝေဠုကျော်က "ပရဟိတ လုပ်တယ်ဆိုတာ နာမည်ကြီးချင်လို့ပဲ ဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအရပဲ လုပ်လုပ်၊ ဝါသနာပါလို့ပဲ လုပ်လုပ် ဘယ်လိုအကြောင်းနဲ့ပဲ လုပ်လုပ် ပရဟိတလုပ်ငန်း လုပ်ကြဖို့ လိုအပ်ကြောင်း” ဒီဗွီဘီကို ပြောပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024