တရုတ်နိုင်ငံ တိဘက်-ချီအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နှင်းများ ထူထပ်စွာကျဆင်း

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်း တိဘက်- ချီအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အောက်တိုဘာ ၂၂ ရက်နေ့က နှင်းတွေ ထူထပ်စွာ ကျဆင်းခဲ့ပါတယ်။ အဲဒီဒေသရှိ ခရီးသွားတွေလည်ပတ်ရာ အရပ်မှာ မြေပြင်နဲ့ သစ်ပင်တွေ အကုန်လုံး နှင်းတွေ ဖုံးလွှမ်းနေပါတယ်။ ပန်းခြံထဲ လမ်းလျှောက်နေသူတွေအဖို့ နတ်သမီးပုံပြင်ထဲက အံ့ဖွယ်ကမ္ဘာကို ရောက်နေသလို ခံစားရပါတယ်။ နှင်းထူထပ်စွာ ကျဆင်းနေပေမယ့် ခရီးသွားတွေဟာ ပထမဆုံး နှင်းကျတာကို ခံစားရင်း မမေ့နိုင်စရာရှုခင်းကို မှတ်တမ်းတင်ဖို့အတွက် လာရောက်ခဲ့ကြပါတယ်။ ချန်ဒူမြို့မှ ခရီးသွားတဦးက “ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းတွေ လာသွားတယ်။ ပထမဆုံး နှင်းကျတာ တွေ့မသွားဘူး။ ကျမတို့က ဒီနေ့ တွေ့လိုက်တယ်။ သိပ်ပျော်စရာကောင်းတာပဲ” လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up