ဖီဖာ ကမ္ဘာ့အကောင်းဆု ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ

3.6K
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ချီးမြှင့်တဲ့ ၂၀၁၇ ကမ္ဘာ့အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို ရော်နယ်ဒို ဆွတ်ခူးရရှိသွားပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ် ကလပ်အသင်းကို ပြည်တွင်း လာလီဂါ အမှတ်ပေးချန်ပီယံဆုနဲ့ ဥရောပကလပ်အသင်း ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်အောင် ကူညီထားနိုင်ခဲ့တာပါ။
အောက်တိုဘာ ၂၃ ရက်နေ့က လန်ဒန်မြို့မှာ ကျင်းပတဲ့ ဆုချီးမြှင့်အခမ်းအနားမှာ ရီးရဲလ်နည်းပြ ဇီးဒန်းက အကောင်းဆုံး အမျိုးသားနည်းပြဆု၊ နယ်သာလန် အမျိုးသမီးအသင်း နည်းပြ ဆာရီနာ ဝိုင်းဂ်မန်း (Sarina Wiegman) က အကောင်းဆုံးအမျိုးသမီးနည်းပြဆုနဲ့ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို ဘာစီလိုနာနဲ့ နယ်သာလန် ကစားသမား လိခ် မာတန်စ် (Lieke Martens) တို့က အသီးသီးရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ် အကောင်းဆုံး သွင်းဂိုးဆု (ပွတ်စ်ကပ်စ်ဆု) ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီက ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာ ကင်းမြီးကောက်ကန်သွင်းချက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂျရူးက ရရှိခဲ့ပါတယ်။