ရောင်းဝယ်ဖောက်ကား သက်ဝင်လှုပ်ရှားနေတဲ့ တောင်ပေါ်မြေက သီပေါဈေး (ဓာတ်ပုံ)
ပီတာအောင်
·
October 23, 2017
ရှမ်းပြည်နယ် သီပေါမြို့လည်ခေါင်မှာရှိတဲ့ သီပေါမြို့မဈေးမှာ နေ့စဉ် ဈေးရောင်း ဈေးသူဝယ်သူတွေ၊ ဒေသခံတောင်ပေါ် တိုင်းရင်းသားတွေနဲ့ တိတ်ဆိတ်ငြိမ်သက်အေးချမ်းစွာ ရောင်းဝယ်ဖောက်ကား သက်ဝင်လှုပ်ရှားလို့နေပါတယ်။
ဒီဈေးမှာ ဒေသထွက်ကုန် သစ်သီးဝလံ၊ ပန်းမံ၊ ကုန်စိမ်းကုန်ခြောက်တွေနဲ့ ရှမ်းရိုးရာ စားသောက်ဖွယ်ရာတွေ အစုံအလင် ၀ယ်ယူ ရရှိနိုင်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ-ပီတာအောင်