ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ် ဒဏ်ရာသက်သာ၍ လေ့ကျင့်ခန်းပြန်ဆင်း

ဓာတ်ပုံ - ပီအေ
2.5K
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
ဂါရတ်ဘေးလ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ ဗွီဒီယိုကို တင်ခဲ့တာဖြစ်ပြီး လတ်တလောမှာ အသေးစား ဘောလုံးလေ့ကျင့်ခန်းတွေ ဆင်းနေတာပါ။
ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တလနီးပါး အနားယူနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဒဏ်ရာက ပြန်လည်သက်သာလာခဲ့တဲ့အတွက် သူ့ရဲ့အသင်းဟောင်း စပါးအသင်းနဲ့ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖို့ သေချာနေပါတယ်။
ဂါရတ်ဘေးလ်ဟာ ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကပွဲစဉ်တချို့နဲ့ လွဲချော်ခဲ့ရသလို ဝေးလ်စ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ အိုင်ယာလန်အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီး ဝေးလ်စ်အသင်းဟာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။