ရဲများက ဆိုင်ကယ်စီးသူတဦးကို လမ်းမပေါ်ကန်ချခဲ့သည့်ရုပ်သံ ဝေဖန်မှုမြင့်တက်

ဓာတ်ပုံ - Daily News
ထိုင်းနိုင်ငံ လမ်းမတခုပေါ်မှာ ဆိုင်ကယ်စီးလာသူတဦးကို ရဲတွေက ခြေထောက်နဲ့ ကန်ချခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ခုသီတင်းပတ်အတွင်း အွန်လိုင်းပေါ် ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဟက်ရိုင်ဒေသတွင်း လမ်းမတခုပေါ်မှာ ဖြစ်ခဲ့ပြီး လူ ၂ ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်က ရှပ်အင်္ကျီအဖြူရောင် ဝတ်ဆင်ထားတဲ့ အမျိုးသားရဲ့ ဆိုင်ကယ်နောက်ကနေ ကပ်လိုက်ခဲ့တာပါ။ ဒီနောက် သူတို့ဟာ အဲဒီဆိုင်ကယ်ကို ဖြတ်ကျော်ဖို့ ဘေးချင်းယှဉ်လိုက်ချိန်မှာပဲ ဆိုင်ကယ်ကို ခြေထောက်နဲ့ကန်ခဲ့တာကို တွေ့ရပါတယ်။ အချိန် ၅၂ စက္ကန့်ကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို နောက်ကမောင်းနှင်လာတဲ့ ကားပေါ်ပါ ဒက်ရှ်ဘုတ်ကင်မရာမှတဆင့် ရိုက်ယူထားနိုင်ခ့ကာ ခြေထောက်နဲ့ ကန်ချခဲ့သူတွေဟာ ရဲအရာရှိတွေဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးဟာ ရဲအရာရှိတွေ ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်ပြုမပေးနိုင်သေးဘူးလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းက ဆိုပါတယ်။ ခြေထောက်နဲ့ ကန်လိုက်တဲ့အရှိန်ကြောင့် ဆိုင်ကယ်သမားဟာ လမ်းမပေါ်ကို လဲကျသွားခဲ့တာဖြစ်ပြီး တချို့ကလည်း သူဟာ ရာဇဝတ်ပြစ်မှု တခုခုကြောင့် ရဲတွေက ခုလိုလုပ်ခဲ့တာဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဟွာပုတ်ခ်အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ဝေဖန်ငြင်းခုံနေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up