ကင်ဂျုံနမ်သတ်မှုဖြင့် တရားစွဲခံရသူ ၂ ဦးအား ကွာလာလမ်ပူလေဆိပ်တွင် သက်သေထွက်ချက်ယူမည်

ဓာတ်ပုံ - အေအက်ဖ်ပီ
ကင်ဂျုံနမ်ကိုသတ်မှုနဲ့ တရားစွဲဆိုခံရသူ အမျိုးသမီးနှစ်ဦးကို သက်သေထွက်ဆိုချက် ယူဖို့အတွက် အောက်တိုဘာ ၂၄ ရက်မှာ ကွာလာလမ်ပူလေဆိပ်ကို ခေါ်ဆောင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံနမ်ဟာ မျက်နှာကို အာရုံကြောထိခိုက်စေတဲ့ VX အဆိပ် သုတ်လိမ်းခံရပြီးနောက် သေဆုံးခဲ့တာပါ။ တရားစွဲခံရသူ အင်ဒိုနီးရှား အမျိုးသမီးနဲ့ ဗီယက်နမ် အမျိုးသမီးတို့ကတော့ လူသတ်မှု ကျူးလွန်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။ ကင်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်ရဲ့ အကြီးဆုံးသား ဖြစ်ပါတယ်။ အဲဒီတရားစီရင်မှုကို အောက်တိုဘာ ၂ ရက်က ရှားအလမ်တရားရုံးချုပ်မှာ စတင်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ၃၀ ရက်အထိ ကြာမြင့်မှာဖြစ်တယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up