မင်းလှတွင် လမ်းလျှောက်နေသည့်အမျိုးသမီးတဦး ကားတိုက်ခံရ၍ သေဆုံး
DVB
·
October 23, 2017
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့မှာ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက လမ်းလျှောက်နေတဲ့ သားအမိနှစ်ဦး ကားတိုက်ခံရပြီး မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ မင်းလှ မြို့မရဲစခန်းက ပြောပါတယ်။
"မင်းလှမြို့ ရုံးရပ်တောင်ပိုင်းရပ်ကွက်နေ ဗထူးမောင်းနှင်လာတဲ့ ကားက မင်းဘူး-မင်းလှကားလမ်းပေါ်မှာ မင်းဘူးဘက်သို့မောင်းနှင်လာချိန် မင်းလှမြို့မှအထွက် မိုင်တိုင်(18/6)မင်းလှမြို့ ဘီးခွန်ကောက်ခံရေးဂိတ်အနီး အရောက်မှာ လမ်းရဲ့ ယာဘက်အတိုင်းလမ်းလျှောက်နေတဲ့ သားအမိနှစ်ဦးကို နောက်မှဝင်ရောက်တိုက်မိခဲ့ရာ ဒေါ်မြကျင်မှာ ထိခိုက်ဒါဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး သမီးဖြစ်သူ မမေသင်္ကြန်မှာလည်း ဒဏ်ရာရခဲ့လို့ မင်းလှမြို့ပြည်သူဆေးရုံကို ပို့ထားရတယ်လို့" မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောပါတယ်။
မင်းလှမြို့မရဲစခန်းကိ ဗထူးကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး