ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်မရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေး

ဓာတ်ပုံ - UNFC
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPNတို့ ဒီကနေ့ မနက် ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ ဒီကနေ့ ကျင်းပနေတဲ့ (၇)ကြိမ်မြောက်ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးခင်ဇော်ဦးတို့က ဦးဆောင်ဆွေးနွေးပြီး (UNFC) ဖက်ကတော့ ခူးဦးရယ်က ဦးဆောင်ဆွေးနွေးပါတယ်။ ဒီနေ့ဆွေးနွေးပွဲဟာ UNFC အတွက် လာမယ့် ၂၁ ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမတိုင်ခင် NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အရေးကြီးတဲ့ဆွေးနွေးပွဲဖြစ်ပြီး အဆိုပြုထားတဲ့ သဘောတူညီချက်(၈)ချက်နဲ့ပတ်သက်လို့ ညှိနှိုင်းအဆင်ပြေမယ်ဆိုရင်တော့ UNFC အနေနဲ့ NCA ကိုလက်မှတ်ရေးထိုးနိုင်ဖွယ် ရှိပါတယ်။ အစိုးရအနေနဲ့ လာမယ့် ဒီဇင်ဘာလကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမတိုင်ခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထပ်တိုးလာဖို့ မျှော်လင့်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up