တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အဦသစ် အခမ်းအနားဖြင့် ဖွင့်လှစ်
DVB
·
October 23, 2017
တိုင်းမြို့တော် ရုံးစိုက်ရာ ထားဝယ်မြို့မှာ အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီ အချိန်က တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အဦသစ် ဖွင့်ပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တက်ရောက်ပြီး တိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အဦသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက် မနက် ၉ နာရီအချိန်က ဖွင့်ပွဲ အခမ်းအနားကို စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့က တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် အမွှေးနံ့သာရည်များနဲ့ ပက်ဖျန်းခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)