အဲဗာတန်ကို ၅ ဂိုး ၂ ဂိုးဖြင့် အာဆင်နယ် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းမှာ ဂိုးမိုးရွာနိုင်ခဲ့ပါတယ်။ လာကာဇက်တီ၊ ဆန်းချက်ဇ်၊ အိုဇေးလ်၊ ကိုလာစီနက်တို့နဲ့ လူစုံပွဲထွက်လာခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပွဲစကတည်းက အိမ်ရှင်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မထင်မှတ်တဲ့ အနေအထားကနေ ဝိန်းရွန်နီက အဲဗာတန်အတွက် ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက်ပိုင်း အာဆင်နယ်တို့ တိုက်စစ်ပိုဖွင့်ကစားခဲ့သလို ကွင်းလယ်က ဆန်းချက်ဇ်၊ အိုဇေးလ်၊ ရမ်ဆေးတို့ အချိတ်အဆက် ပိုမိလာခဲ့ပြီး မိနစ် ၄၀ မှာတော့ နောက်ခံလူ မွန်ရီရယ်က ချေပဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တဖက်တဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်း ၅၃ မိနစ်မှာတော့ ဆန်းချက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဒီနေ့မှာ ခြေစွမ်းပြနေတဲ့ အိုဇေးလ်က ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၆၈ မိနစ်မှာ အဲဗာတန်အသင်းက ဂွိုင်ရီ အနီကတ်ပြခံရလို့ အာဆင်နယ် တယောက်အသာရသွားပြီး ၇၄ မိနစ်မှာ လာကာဇက်တီ၊ မိနစ် ၉၀ မှာ ရမ်ဆေးတို့က ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်မှာ အဲဗာတန် ချေပဂိုးတဂိုး ထပ်ရခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ဆန်းချက်ဇ်က ၅ ဂိုးမြောက်သွင်းယူခဲ့လို့ ပွဲအပြီးမှာ ၅ ဂိုး ၂ ဂိုး ရလဒ်နဲ့ အာဆင်နယ် ဂိုးပြတ်နိုင်ပွဲ ရသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up