ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ နေပြည်တော်၌ ကျင်းပပြုလုပ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 22, 2017
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ကောင်စီနယ်မြေအတွင်းက ပြည်သူ့ထောက်ခံပွဲကို အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ထောက်ခံပွဲကို နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးဘုရားပွဲ ကျင်းပရာကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူအင်အား ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။