နယူးဇီလန်အသင်းက ခက်ခဲသည့်ပြိုင်ဘက်ဖြစ်ကြောင်း ပီရူးနည်းပြပြော

နယူးဇီလန်အသင်းက ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်တယ်လို့ ပီရူးအသင်းနည်းပြက ရီကာဒို ဂါရီကာက ပြောပါတယ်။ တောင်အမေရိကဇုန်မှာ အဆင့် ၅ ရတဲ့ ပီရူးအသင်းဟာ ခြေစစ်ပွဲမှာ ၁ နေရာရဖို့ သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်နဲ့ ထပ်မံယှဉ်ပြိုင်ရမှာပါ။ ပီရူးနည်းပြ ဂါရီကာကတော့ နယူးဇီလန်ဟာ အသင်းလိုက် ကစားတဲ့ အသင်းဖြစ်လို့ အစွမ်းကုန် ညစ်ထုတ်ပြီး ကစားဖို့ လိုတယ်လို့ ပြောပါတယ်။ ပီရူးအသင်းကို ဘရာဇီးကလပ် ဖလာမင်ဂိုမှာ ကစားနေတဲ့ တိုက်စစ်မှူး ဂူရီယိုက ဦးဆောင်သွားမှာပါ။ ပီရူးအသင်းဟာ နယူးဇီလန်နဲ့ ပထမပွဲစဉ်အဖြစ် လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့ ၀ယ်လင်တန်မှာ ယှဉ်ပြိုင်ရမှာပါ။ ဒုတိယပွဲစဉ်ကိုတော့ ပီရူးက အိမ်ကွင်း လီမာမှာ နယူးဇီလန်ကို ပြန်လည် ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ရုရှားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up