Live
Home
မြန်မာသတင်း
Y8 လေယာဉ်ကိုယ်ထည်အစိတ်အပိုင်း ထပ်မံတွေ့ရှိ
DVB
·
October 22, 2017
ကမ်းဝေးငါးဖမ်းလှေတစီးဟာ ထားဝယ်မြစ်အတွင်း Y8 ပျက်ကျ လေယာဉ်ရဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေကို ဒီနေ့ မနက်ပိုင်းက  ထပ်မံတွေ့ရှိခဲ့တယ်လို့ အပျက်အစီးကို တွေ့ရှိတဲ့ ကမ်းဝေးငါးဖမ်းလှေလုပ်သားတဦးက ပြောပါတယ်။ “လေယာဉ်အစိတ်ပိုင်း တခုလို့ပဲ သိရတယ်။ ဘာတွေမှန်းတော့ မသိဘူး တွေ့ရှိတာက အခြား ငါးဖမ်းလှေတစီးက ငါးဖမ်းပိုက်မှာ ငြိတွယ်ပြီးပါလာတာပါ”လို့ ကမ်းဝေးငါးဖမ်းလှေမှ လှေလုပ်သား ကိုမြင့်စိုးက ပြောဆိုပါတယ်။ “ကျနော်တို့က လေယာဉ်ပျက်ကျ အစိတ်အပိုင်းက ငါးဖမ်းလှေမှာ တွယ်ငြိပါလာတာပါ။ အခု ဘယ်ကို ပို့ရမှန်း မသိဘူး ဖြစ်နေတယ်”လို့ ကိုမြင့်စိုးက ဆက်လက်ပြောဆိုပါတယ်။ လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024