ဂျာမန်ဘွန်ဒတ်စ်လီဂါ ဒေါ့မွန် ၂-၂ ဖရန့်ဖတ်

2.4K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်က ဖရန့်ဖတ်နဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။
ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ၁၉ မိနစ်လောက်မှာ ဆာဟင်းက သွင်းယူပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ ဒေါ့မွန် သာပေမယ့် ဖရန့်ဖတ်က အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အတွက် ဒုတိယဂိုးကို ၅၆ မိနစ်မှာ ဖိလစ်က သွင်းယူပါတယ်။ ဖရန့်ဖတ်အတွက် ချေပဂိုးကိုတော့ တဖက်ဂိုးသမား ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားတာပါ။ အဲဒီပင်နယ်တီကို ဟယ်လာက သွင်းယူပါတယ်။
ဖရန့်ဖတ်အတွက် ဒုတိယ ချေပဂိုးကို ၆၈ မိနစ်မှာ ၀ု့ဖ်က သွင်းယူပါတယ်။ ဒေါ့မွန်က ဂိုးသွင်းခွင့် တော်တော်များများ ရပေမယ့် အသုံးမချနိုင်လို့ သရေနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ဒီပွဲသရေကျပေမယ့် ဒေါ့မွန်က အမှတ် ၂၀ နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပြီး ဖရန့်ဖတ်ကတော့ ၁၄ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပါတယ်။