ဘိုင်ယန်က ဟမ်းဘတ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

Munich's Corentin Tolisso, left, and Munich's Arjen Robben celebrate the 0-1 goal during the German first division Bundesliga soccer match between Hamburger SV and Bayern Munich in the Volksparkstadion in Hamburg, Germany, Saturday, Oct. 21, 2017. (Axel Heimken/dpa via AP)
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က တဂိုးတည်းနဲ့ ဟမ်းဘတ်ကို အနိုင်ရသွားပါတယ်။ ပထမပိုင်းပြီးကာနီးမှာ ဟမ်းဘတ်က ဖျက်တာကြမ်းလို့ တယောက် အထုတ်ခံလိုက်ရပါ တယ်။ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၅၂ မိနစ်မှာ တိုလစ်ဆိုက သွင်းယူပါတယ်။ ဟမ်းဘတ်က တယောက်လျော့ပေမယ့်လည်း ထိုးဖောက်ကန်သွင်းခွင့်တွေ ရခဲ့ပြီး ဘိုင်ယန် ဂိုးသမား လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ နည်းပြ ဟေးနက်စ် လက်ထက်မှာ တတိယမြောက် နိုင်ပွဲရတာပါ။ ဒီပွဲနိုင်လို့ ဘိုင်ယန်က အမှတ် ၂၀ နဲ့ ဇယားထိပ်က ဒေါ့မန်အသင်းနဲ့ အမှတ်တူပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up