မလေးရှား မြေပြိုမှုကြောင့် သေဆုံးသူများထဲ မြန်မာ ၁ ဦးပါဝင်၊ ၁၁ ဦး ပျောက်ဆုံး
DVB
·
October 22, 2017
မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ပီနန်ပြည်နယ်ရဲ့ မြို့တော် ဂျော့ခ်ျတောင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေပြိုမှုကြောင့် နိုင်ငံခြားသား အလုပ်သမား ၃ ဦး သေဆုံးပြီး တခြားလူ ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၂၁ ရက်နေ့က ပြောပါတယ်။
“အင်ဒိုနီးရှား အလုပ်သမား ၂ ဦးနဲ့ မြန်မာအလုပ်သမား တဦးတို့ရဲ့ အလောင်းကို အပျက်အစီးတွေ ကြားက ဆွဲထုတ်နိုင်ခဲ့တယ်၊ တခြား လုပ်သား ၂ ဦးက ဒဏ်ရာအသေးစားသာ ရပြီး လွတ်မြောက်ခဲ့တယ်” လို့ အရာရှိတွေက ပြောပါတယ်။
ပိတ်မိနေတဲ့သူတွေ အများစုဟာ အင်ဒိုနီးရှားနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက အလုပ်သမားတွေလို့ ယုံကြည်ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကြီးကြပ်သူ မလေးရှား နိုင်ငံသားလည်း အပျက်အစီးတွေ အောက်မှာ နစ်မြုပ်နေတယ်လို့ ယုံကြည်ရပါတယ်။
၄၉ ထပ်မြင့်တဲ့ ကွန်ဒိုမီနီယံ မိုးမျှော်တိုက် ၂ လုံး ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ဓာတ်ပုံ - အေအက်ဖ်ပီ