Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း တရားမ၀င် ၀င်လာသည့် ထိုင်းနိုင်ငံသားတဦး ဖမ်းမိ
DVB
·
October 21, 2017
တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ် မီးပွိုင့်လမ်းဆုံမှာ အောက်တိုဘာ ၁၉ ရက်က တရားမ၀င် ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတဦးကို စစ်ဆေး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တာချီလိတ်မြို့မရဲစခန်းက ရဲအုပ် အောင်ကျော်စိန် ဦးစီးတဲ့အဖွဲ့ဟာ လေယာဉ်ကွင်းကနေ  တာချီလိတ်မြို့တွင်းကို အိုက်ရှဲန် မောင်းနှင်လာတဲ့ကားကို စစ်ဆေးရာ ကားပေါ်မှာ ထိုင်းနိုင်ငံသား Mr.Bass ကို တွေ့ရလို့  တာချီလိတ် မြို့မရဲစခန်းကို ခေါ်ဆောင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ တရားမ၀င် ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသားဟာ အောက်တိုဘာ ၁၉ ရက်က တာချီလိတ်မြို့ကို လာရောက်လည်ပတ်ဖို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ မြန်မာနိုင်ငံထဲကို ပါခုတ်ကျေးရွာအနီးရှိ ရေချောင်းကတဆင့် တရားမဝင် ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။ တာချီလိတ်မြို့မရဲစခန်းက တရားမ၀င် ၀င်ရောက်လာသူ ထိုင်းနိုင်ငံသား Mr.Bass ကို လဝကအက် ၁၃(၁) ၊ အိုက်ရှဲန် ကို လဝကအက် ၁၃(၅) တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024