လေ့ကျင့်ရေး နည်းစနစ်အပေါ် ကစားသမားများဝေဖန်ဟု စွပ်စွဲချက် ချဲလ်ဆီးနည်းပြ ငြင်းဆို

during the UEFA EURO 2016 Qualifier match between Italy and Bulgaria on September 6, 2015 in Palermo, Italy.
2.4K
လေ့ကျင့်ရေးကွင်းမှာ အသုံးပြုတဲ့ နည်းစနစ်တွေအပေါ် ကစားသမားတွေကြားမှာ ဝေဖန်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ချဲလ်ဆီးနည်းပြ ကွန်တီက ငြင်းဆိုလိုက်ပါတယ်။
အသက် ၄၈ နှစ်အရွယ် နည်းပြကွန်တီရဲ့ လေ့ကျင့်ရေးကွင်းမှာ အသုံးပြုတဲ့ နည်းတွေဟာ ကစားသမားတွေအတွက် ပင်ပန်းမှုတွေ ဖြစ်စေတယ်ဆိုပြီး ပြောဆိုနေကြတာပါ။
နည်းပြ ကိုယ်တိုင်ကတော့ အခု လေ့ကျင့်ရေးအစီအစဉ်ဟာ မနှစ်က ချန်ပီယံဖြစ်တုန်း ကလောက် မပြင်းထန်ဘူးလို့လည်း ဆိုပါတယ်။
ချဲလ်ဆီးဟာ လောလောဆယ် နောက်ဆုံး ကစားတဲ့ ၃ ပွဲမှာ နိုင်ပွဲ မရသေးပါဘူး။ ချဲလ်ဆီးအတွက်တော့ ၇ ရက်အတွင်းမှာ ၃ ပွဲမြောက် ကစားရတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီညမှာတော့ အိမ်ကွင်းမှာ ၀က်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမှာပါ။