လီဗာပူးနှင့်ပွဲတွင် ရလဒ်ကောင်းရရေး စပါးအသင်း ပြင်ဆင်နေ

2.9K
တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ခြေစွမ်းဟာ အကောင်းဆုံးအခြေအနေမှာရှိနေပေမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးအသင်းနဲ့ တွေ့ဆုံနေလို့ ရလဒ်ကောင်းတွေရရှိဖို့ ပြင်ဆင်နေပါတယ်။
နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ကြားရက်မှာကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ပွဲစဉ်မှာ မထင်မှတ်တဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပြီး သရေရလဒ်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် လာမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာလည်း အလားတူ လူစာရင်းကို အသုံးပြုဖွယ်ရှိနေပါတယ်။
ပိုချက်တီနိုက “အသင်းနည်းပြတိုင်းဟာ ပွဲမစခင်ကတည်းက အနိုင်ရဖို့ ၁၁ ဦး လူစာရင်းကို ရွေးချယ်ကြပါတယ်။ ဒါဟာ တစ်ခါတစ်ရံမှာတော့ အလုပ်ဖြစ်ပေမယ့် တစ်ခါတစ်ရံတော့ အလုပ်မဖြစ်ပါဘူး။ ရှုံးနိမ့်တာ၊ အနိုင်ရတာဟာ ကိုယ်တိုင်ဆုံးဖြတ်ချက်ပါပဲ။ငြင်းဆန်လို့မရပါဘူး” လို့ ပြောပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရပ်တည်နေခဲ့သလို ချန်ပီယံလိဂ်မှာလည်း ရီးရဲယ်အသင်းနဲ့ အမှတ်တူ အဆင့် ၂ နေရာမှ ရပ်တည်နေပါတယ်။