သစ်တောမြေပေါ်မှ အဆောက်ဦများကို တာဝန်ရှိသူများ အင်အားသုံးဖယ်ရှား
DVB
·
October 21, 2017
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြိုနယ် ညောင်နီဒုက္ခသည် တောင်သူတွေအတွက် ချထားပေးမယ့် မြေဧရိယာပေါ်က ကျူး ကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို သတ်မှတ်ရက်အတွင်း ဖယ်ရှားမပေးလို့ တာဝန်ရှိသူတွေက အင်အားသုံးရှင်းလင်းနေပါတယ်။
တိုင်းဒေသကြီအစိုးအဖွဲ့မှ တာဝန်ရှိသုများနဲ့ ဝန်ကြီး ဦးမျိုးသစ်၊ မြေယာကော်မတီမှ ဒေါ်ရွက်နုအောင်၊ ပြင်ဦးလွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမူး ဦးလှမျိုးနဲ့အဖွဲ့၊ သစ်တောတွေတာဝန်ရှိသူတွေက ဒီနေမနက်ပိုင်းမှာ ရဲအင်အား ၂၅၀ ကျော်၊ သစ်တောဝန်ထမ်းတွေအပါဝင် စက်ယန္တရားကြီး ၆ စီးနဲ့ အင်အားသုံးဖယ်ရှားနေတာပါ။
သစ်တောမြေ ၁၈ ဒသမ ၄၀ ဧကပေါ် ဆောက်လုပ်ထားတဲ့ အဆောက်ဦအားလုံးကို ဖယ်ရှားမယ်လို့ မြေယာကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါရွက်နုအောင်က ပြောပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်