Home
အနုပညာ
ဂီတသက်တမ်း ၂၅ နှစ်ပြည့် မာရဇ္ဇ၏ တကိုယ်တော်ဖြေဖျော်ပွဲ (ဓာတ်ပုံ)
သူဇာလင်း
·
October 21, 2017
အဆိုတော် မာရဇ္ဇရဲ့ အသက် ၅၀ ပြည့်နဲ့ ဂီတသက်တမ်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် တကိုယ်တော် ဖြေဖျော်ပွဲကို မနေ့ညက ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပသွားပါတယ်။ တေးသံရှင် မာရဇရဲ့ ဂီတ ဖြေဖျော်ပွဲကို     Breakthrough အဖွဲ့ တွဲဖက်ကာ ပထမပိုင်းနဲ့ ဒုတိယပိုင်းဆိုပြီး ၂ ပိုင်းခွဲ ပြုလုပ်သွားပါတယ်။ လာရောက်ကြည့်ရှုသူ ပရိသတ် နည်းပေမယ့်လည်း တေးသံရှင်ရဲ့ သီဆိုမှုတွေကတော့ ပရိသတ်အကြိုက် ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က လူကြိုက်များ ထင်ရှားခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ ဆွဲအား၊ ဆင်မြီးကွင်းလက်စွပ်၊ မင်းသနားမှ စတဲ့ သီချင်းတွေ အပါအ၀င် သီချင်း အပုဒ်ရေ ၃၀ ကျော် သီဆိုသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024