ချောက်မြို့တွင် စိတ်ကြွဆေးပြား သယ်ဆောင်လာသူတဦး ဖမ်းမိ
DVB
·
October 21, 2017
ချောက်မြို့၊ အမှတ် ၁၅ ရတနာအိုင့်ရပ်မှာ အောက်တိုဘာ ၂၀ ရက်က ကျပ် ၁ ကျော်တန်ဖိုးရှိ မူးယစ်ဆေးသယ်ဆောင်လာသူတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချောက်မြို့မ ရဲစခန်းက သိရပါတယ်။
ဒုရဲအုပ်ချစ်ဆွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့အတူ စောင့်ဆိုင်းနေချိန် ချောက်မြို့ကနေ ဂွေးချိုးလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာတဲ့ ဦးလှစိုးမှာ ရတနာအိုင့်မြို့သစ် ပတ်လမ်းအတိုင်း ဝင်ရောက်သွားလို့ နောက်မှ လိုက်သွားရာ ဦးလှစိုး (သစ်စက်လုပ်ငန်းလုပ်ကိုင်သူ) မှာ ရတနာနာအိုင့်၊ သမဝါယမ ဝန်းအတွင်းထပ်မံဝင်ရောက်ခဲ့ပြီး မြေကွက်လပ်ရဲ့ အနောက်ဘက်အမှိုက်ပုံပေါ်ကို သူ့မှာပါလာတဲ့ အထုပ်တထုပ်ပစ်ချခဲ့လို့ ဖွင့်ဖောက်စစ်ဆေးရာ မူးယစ်ဆေးဝါးတွေတွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ချောက် မြို့မရဲစခန်းက ပြောပါတယ်။
ဦးလှစိုး ပစ်ချလိုက်တဲ့ အထုပ်ငယ်အတွင်းမှ ကာလတန်ဖိုး ၁၁၇၃၀၀၀ ကျပ်တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြား ၃၉၁ ပြား၊ ရောင်းရငွေယူစရသော ငွေ ၁၅၀၀ ကျပ်နဲ့ ဆိုင်ကယ်ကိုပါ သိမ်းဆည်းခဲ့တာပါ။
ချောက်မြို့မ ရဲစခန်းက ဦးလှစိုး ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၀(က) နဲ့ အရေးယူ ထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)