ကင်ညာတွင် သြစတြေးလျ ကျောင်းဆရာမတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်
ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီမှာ သြစတြေးလျ ကျောင်းဆရာမတဦး အောက်တိုဘာ ၁၉ ရက်နေ့က သေနတ်နဲ့ အသေပစ်သတ်ခံခဲ့ရပါတယ်။ ဟီးလ်ခရက်စ် မူကြိုကျောင်းမှာ စာသင်တဲ့ ဂါဘရီရယ် မိုင်နာဟာ လုယက်မှုတခုအတွင်း အသတ်ခံရတာလို့ အစီရင်ခံထားပါတယ်။ သူဟာ ကင်ညာနိုင်ငံမှာ ၂၀၁၅ စက်တင်ဘာလတည်းက ရောက်နေသူပါ။ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ကင်ညာနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ မွမ်ဘာဆာက ကျေးလက်လမ်းဘေးမှာ သက်ကြီး ဆွစ်ဇနီးမောင်နှံရဲ့ အလောင်းကို စွန့်ပစ်ထားတာ တွေ့ခဲ့ရပါသေးတယ်။ ၂၀၁၄ ခုနှစ်ကလည်း ရုရှားနဲ့ ဂျာမန်ခရီးသည်တွေဟာ မွမ်ဘာဆာမြို့မှာပဲ သီးခြားစီ လုယက်သတ်ဖြတ်ခံခဲ့ရပါတယ်။ လူသတ်မှုနောက်ကွယ်ကလို့ ရဲတွေကပြောတဲ့ သံသယရှိသူ ၂ ဦးကိုလည်း ရဲတွေက နောက်ပိုင်းမှာ အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

More News
Up