Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် ဘိန်းစာမှုန့်များ ဖမ်းမိ
DVB
·
October 20, 2017
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာမှာ အောက်တိုဘာ ၁၇ ရက်နေ့က လှေငှားရမ်းပြီး ငါးဖမ်းပိုက်အိတ်တွေ ပို့ခိုင်းရာက ဘိန်းစာမှုန့်တွေ ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာကို သိမ်းဆည်းခဲ့ပြီး တရားခံကတော့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာက အငှားလှေမောင်းသမား ဦးစိုင်းနန္ဒဟာ တရွာတည်းနေ ဒေါ်ဇင်မာဝင်းက ငါးဖမ်းပိုက်ထုပ်တွေ ပို့ဆောင်ဖို့ ငှားရမ်းခဲ့တယ်လို့သိရပါတယ်။ ငါးဖမ်းပိုက်ထုပ်တွေကို ပို့ဆောင်ဖို့ ဦးစိုင်းနန္ဒနဲ့ ဇနီးဖြစ်သူ ဒေါ်တင်ဇာမိုးတို့က ဒေါ်ဇင်မာဝင်းကို တင်ဆောင်ပြီး ပုလောမြို့နယ်၊ သကျက္ကမ်းရွာကို ပို့ဆောင်ခဲ့ရာ ကျေးရွာဆိပ်ကမ်းကို အရောက်မှာ ဒေါ်ဇင်မာဝင်းက ရွာပေါ်ကို တက်သွားပြီး ပြန်မလာတဲ့အတွက် လှေအငှားလိုက်သူ ဦးစိုင်းနန္ဒက သကျက္ကမ်းရွာရာအိမ်မှူး ဒေါ်မြင့်မြင့်ခင်ကို အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ လာရောက်စစ်ဆေးရာ ငါးဖမ်းပိုက်အိတ်ထဲက ဘိန်းစာမှုန့် ၂၉၄ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဘိန်းစာမှုန့်တွေ သယ်လာသူ ဒေါ်ဇင်မာဝင်းကို စုံစမ်းရာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ပုလောမြို့မရဲစခန်းက ဘိန်းစာမှုန့်တွေ ရောင်းချဖြန့်ဖြူးဖို့ သယ်ဆောင်လာတဲ့ ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်ဇင်မာဝင်းကို မူး/စိတ်ပုဒ်မ-၁၉ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024