Home
မြန်မာသတင်း
World Police Band Concert  ရန်ကုန်တွင် ပြုလုပ်မည်
DVB
·
October 20, 2017
၂၂ ကြိမ်မြောက် World Police Band Concert  တီးခတ်ဖျော်ဖြေပွဲ အခမ်းအနားကို ရန်ကုန်မြို့မှာ အောက်တိုဘာ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အာရှဒေသအတွင်းရှိ နိုင်ငံတွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်မြင့်မားဖို့ စည်းလုံးညီညွတ်ဖို့၊ ဆက်သွယ်ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရင်းနှီးမှု ရရှိစေဖို့ မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းမှုကို ပြသဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတို့မှ Police Band အဖွဲ့တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ World Police Band Concert အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးက ၁၉၉၆ ခုနှစ်က စပြီး နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ ဒီနှစ်မှာဆိုရင် ၂၂ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်။ အခမ်းအနား ကျင်းပပြုလုပ်မယ့် အစီအစဉ်အနေနဲ့ အစမ်းလေ့ကျင့်ခြင်း ပြုလုပ်မယ့် အောက်တိုဘာ ၂၁ နဲ့ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်မယ့် အောက်တိုဘာ ၂၈ ရက် မနက် ၈ နာရီခွဲ ကနေ ၁၀ နာရီအထိ ကမ်းနားလမ်းနဲ့ ဆူးလေဘုရားလမ်းဆုံမှာ ဆူးလေဘုရားလမ်းအတိုင်း ဆူးလေဘုရားကို အရှေ့ဘက် ပတ်လမ်းကပတ်ပြီး ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ စုပေါင်းလမ်းလျှောက် တီးခတ်ဖျော်ဖြေမှုတွေ ပြုလုပ်ပြီး အောက်တိုဘာ ၂၉ ရက် ၆ နာရီမှာ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC (Myanmar Convention Centre) ခန်းမမှ တီးခတ်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဂျပန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ စင်္ကာပူ၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီရှား စတဲ့နိုင်ငံအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ Photo : Yangon Police
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024