သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်း
သူဇာလင်း
·
October 19, 2017
မြန်မာနိုင်ငံအနေနဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်တဲ့အပိုင်းမှာ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ကျင်းပတဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။
ဒါ့အပြင် သဘာဝတွေ ရင်ဆိုင်ကြုံတွေ့တဲ့အချိန်မှာ ပေးပို့တဲ့ သတင်းအချက်အလက်တွေ မပြည့်စုံတာတွေကြောင့်လည်း ဘေးအန္တရာယ်ရောက်တဲ့ သူတွေကို ကြိုတင်ကာကွယ်ပေးတာတွေနဲ့ အကူအညီ အထောက်အပံ့တွေ ဆောင်ရွက်ပေးတဲ့အပိုင်းမှာလည်း နောက်ကျတယ်လို့ ဆိုပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့က သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်ချက်တွေကို အဖွဲ့အလိုက် ဆွေးနွေးခဲ့ကြပါတယ်။