အုတ်ပုံ စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဘင်္ဂါလီ ၇ ဦး တွေ့ရှိ
DVB
·
October 19, 2017
ကြံခင်းမြို့၊ အုတ်ပုံ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၁၈ ရက် ညပိုင်းက ကားတစီးပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ဘင်္ဂါလီ ၇ ဦးကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မင်းပြားကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ယာဉ်မောင်း ဦးလှမြင့်နဲ့ စပယ်ယာ ကိုရန်မောင်ထွန်းတို့ လိုက်ပါလာတဲ့ ၆ ဘီးယာဉ်ကို ပုသိမ်-မုံရွာ လမ်းမကြီး၊ ဧရာဝတီတိုင်း ကြံခင်းမြို့ ဘက်ရဲနယ်မြေ ရဲစခန်းအပိုင် ဇီးပင်ကွင်းအုပ်စု၊ အုတ်ပုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ ကားပေါ်မှာ စပါးအိတ် ၂၆၀ နဲ့ မိုးကာစနဲ့ ဖုံးကွယ်ထားတဲ့အောက်မှာ တရားမဝင် တင်ဆောင်လာတဲ့ ဘင်္ဂါလီ ၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂါလီ ၇ ဦးကို တရားမဝင်တင်ဆောင်လာသူ ယာဉ်မောင်း ဦးလှမြင့်နဲ့ စပယ်ယာ ရန်မောင်ထွန်းတို့ကို ဥပဒေနဲ့အညီ အရေးယူထားပြီး အခု ဖမ်းဆီးမှုဟာ ပထမဆုံးဖမ်းမိတာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့မှူး ဦးအောင်ကိုက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ ၇ ဦးကတော့ မာမွတ်လီမာ၊ နူရူရာမိန်၊ အဒူရာဟာမော်၊ ဆစ်ဒူလာမိန်၊ နူရာမိန်၊ အီမန်ဟူဆော်နဲ့ နိုဘော်ချောရ်တို့ ဖြစ်ပါတယ်။