ရက်ရှ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူ ချန်ပီယံလိဂ် နိုင်ပွဲဆက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အေ တတိယပွဲစဉ်အဖြစ် ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူဟာ ဒီပွဲမှာ လူကာကူ၊ ရက်ရှ်ဖို့ဒ် တိုက်စစ်အတွဲကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ မာတစ်၊ မာတာ၊ မစ်ခီတာယန်း၊ ဟာရဲယားနဲ့ နောက်တန်းမှာ ဗလင်စီယာ၊ ဘလိုင်း၊ စမောလင်း၊ လင်ဒီလော့ဖ်တို့ကို ပွဲထုတ်ခဲ့ပြီး ဂိုးသမားအဖြစ် ဒီဂီယာကိုပဲ အသုံးပြုခဲ့ပါတယ်။ မန်ယူဟာ အဝေးကွင်းမှာ ဂိုးမပေးရရေး ဦးတည်ကာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ဘင်ဖီကာရဲ့ ထိုးဖောက်ကန်သွင်းချက်တချို့ လွဲချော်ခဲ့သလို မန်ယူနောက်တန်းနဲ့ ဂိုးသမားလည်း အကောင်းဆုံး ကာကွယ်နိုင်ခဲ့အတွက် ဂိုးမပေးခဲ့ရတာပါ။ မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၆၄ မိနစ်မှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကန်သွင်းရာ ဘင်ဖီကာဂိုးသမား ဘောလုံးဖမ်းရင်း ဂိုးစည်းထဲ ဝင်သွားတဲ့အတွက် ရရှိခဲ့တာပါ။ ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ဘင်ဖီကာ ကစားသမား လွီစာအို နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ မနေ့ညကပဲ တချိန်တည်း ကစားခဲ့တဲ့ အုပ်စု အေက စီအက်စ်ကေအေ မော်စကိုနဲ့ ဘေဆယ်တို့ ပွဲစဉ်မှာတော့ ဘေဆယ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု အေ က သုံးပွဲစီ ယှဉ်ပြိုင်အပြီးမှာ မန်ယူက သုံးပွဲစလုံး အနိုင်ရပြီး ၉ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ကာ ဘေဆယ်က နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up