Home
မြန်မာသတင်း
နမ့်စီပွန်တွင် ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 18, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နမ့်စီပွန်ဒေသမှာ အောက်တိုဘာ ၁၇ ရက်နေ့က ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ “အခု ကျနော်တို့ မူးယစ်ဆေးဝါးတွေကို ချင်းတွင်း ၂ စီမံချက်နဲ့ ဖမ်းဆီးမှု လုပ်တာပါ။ အခုမိတဲ့ ဦးထွန်းနွယ် နေအိမ်မှာ မူးယစ်ဆေးဝါးဝရမ်း အမှတ် ၅၁ နဲ့ ဝင်ရောက်ရှာခဲ့တယ်” လို့ ခန္တီးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထိန်လင်းက ဒီဗွီဘီကိုပြောပါတယ် ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူအလေးအချိန် ၁၁၀ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြားအရေတွက် ၂၇၃၀ ပြားတို့ကို ရှာဖွေပုံနဲ့သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ဦးထွန်းနွယ်ကို ခန္တီးမြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၅/၁၉(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024