ခြေစွမ်းပြနေသည့် ဒီဘရိုင်း မန်စီးတီးနှင့် လစာတိုးပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းမည်

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာစီးတီးအသင်းရဲ့ ခြေစွမ်းပြကစားသမား ကီဗင်ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့ လစာတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဒီဘရိုင်းရဲ့ အေးဂျင့်ဖြစ်သူက အလိုရှိနေပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းကို ရောက်ရှိစဉ်ကတည်းက ခြေစွမ်းပြနိုင်တဲ့ ကစားသမား ဖြစ်တာကြောင့် လက်ရှိ ရရှိနေတဲ့ တပတ်လုပ်ခလစာ ပေါင် ၁၁၅၀၀၀ ရဲ့နှစ်ဆ ပေါင် ၂ သိန်းခွဲထိရရှိဖို့ အသင်းနဲ့ ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ လာမယ့်လပိုင်းအတွင်းမှာပဲ အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းသွားမှာဖြစ်ပြီး ဒီဘရိုင်းအနေနဲ့ တလကို ပေါင် ၁ သန်း နီးပါး ရရှိလိုနေတာဖြစ်ပါတယ်။ ညှိနှိုင်းမှုအဆင်ပြေပါက ပရီးမီးယားလိဂ် သမိုင်းတလျှောက် လုပ်ခလစာ အမြင့်ဆုံးကစားသမား ဖြစ်လာမှာပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ တပတ်လုပ်ခ ပေါင် ၅ သိန်း ရရှိနေပြီး ပေါင်သန်း ၁၆၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ အန်ဘာပီဟာလည်း ပေါင် ၃ သိန်းထိ ရရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up