Home
မြန်မာသတင်း
မြန်မာလူငယ် ၃ ဦး ခါကာဘိုရာဇီတောင်ကို ထပ်မံတက်ရောက်မည်
ထကျလူ
·
October 18, 2017
ဂန်လန်ရာဇီတောင်ဟာ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ထက် မြင့်နေခြင်း ရှိ၊ မရှိ တိတိကျကျ တိုင်းတာဖို့အတွက် မြန်မာလူငယ် ၃ ဦးဟာ လာမယ့် ၂၀၁၈ ခုနှစ် သြဂုတ် ပထမပတ်အတွင်းမှာ ခါကာဘိုရာဇီတောင်ကို ထပ်မံတက်ရောက်တော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂန်လန်ရာဇီတောင်ရဲ့ အမြင့်ဟာ ၅၈၇၀ မီတာရှိပြီး ၅၈၈၁ မီတာရှိတဲ့ ခါကာဘိုရာဇီတောင်က မြင့်နေသေးပေမယ့် နှစ်ပေါင်း ၇၀ ကျော်က တိုင်းတာထားတာကြောင့် အဲဒီအမြင့်ပေ မရှိနိုင်တော့ကြောင်းနဲ့ ရေခဲပြိုကျမှုကြောင့် Google map ထဲမှာ ဂန်လန်ရာဇီတောင်ကို အမြင့်ဆုံးလို့ ဖော်ပြနေကြောင်း ကိုဇော်ဇေခိုင်က ပြောပါတယ်။ ထူးကုမ္ပဏီအုပ်စုရဲ့ အဓိကကူညီပံ့ပိုးပေးမှုနဲ့အတူ ၂၀၁၄ ခုနှစ်မှာ သဘာဝခေါ်သံ ဖောင်ဒေရှင်းနဲ့အတူ ခါကာဘိုရာဇီ တောင်တက်ရာမှာ လိုက်ပါခဲ့ဖူးတဲ့ ကိုဇော်ဇေခိုင်၊ ဧဝရတ်တောင်နဲ့ ဂန်လန်ရာဇီတောင်တို့ကို တက်ရောက်အောင်မြင်ခဲ့ဖူးတဲ့ ကိုပြည့်ဖြိုးအောင်၊ Sport Climber တယောက်ဖြစ်တဲ့ ကိုအောင်ခိုင်မြင့်တို့ တက်ရောက်မယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဂန်လန်ရာဇီတောင်ကို အတိအကျ တိုင်းတာပြီးပြီဖြစ်လို့ ခါကာဘိုရာဇီတောင်ကိုလည်း အတိအကျ တိုင်းတာဖို့ ရည်ရွယ်ချက်နဲ့ တက်မှာ ဖြစ်ပါတယ်။ အခုတခေါက်မှာတော့ ခါကာဘိုရာဇီတောင်တက်လမ်းတလျှောက်က ရွာငယ်တွေမှာ နေထိုင်တဲ့ ရွာသူရွာသားတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိုလည်း အကူအညီပေးသွားမယ်လို့ သိရပါတယ်။ ချဉ်းကပ်လမ်း ရှည်လျားပြီး အန္တရာယ်များတဲ့ ခါကာဘိုရာဇီတောင်ကို တက်ရောက်ချင်တဲ့သူ နည်းပြီးတော့ ၂၀၁၄ ခုနှစ်က တက်ရောက်စဉ်ကလည်း တောင်တက်သမား ၂ ဦး ပျောက်ဆုံးခဲ့ပါတယ်။ ဒီနှစ်မှာတော့ အတွေ့အကြုံရှိတဲ့ supporter တွေ လိုက်ပါမှာဖြစ်လို့ အန္တရာယ်ကင်းနိုင်မယ်လို့ တက်ရောက်မယ့်သူတွေက ယူဆထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024