Home
မြန်မာသတင်း
ဒီပါဝလီနေ့ ဟိန္ဒူဘာသာဝင်များ ကျင်းပ
ထွန်းထွန်းသိန်း
·
October 18, 2017
ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ဟာ ဒီပါဝလီနေ့ဖြစ်ပြီး ဒီပါဝလီပူဇော်ပွဲ အထိမ်းအမှတ် အဖြစ် ဟိန္ဒူဘာသာဝင်တွေ ကျင်းပနေကြပါတယ်။ ဟိန္ဒူဘာသာဝင်တွေက ဒီပါဝလီနေ့ အထိမ်းအမှတ်အဖြစ် နေအိမ်တွေမှာ သစ်သီးတွေမုန့်တွေနဲ့ ပူဇော်ပသကြသလို နီးစပ်ရာ ဘုရားကျောင်းတွေမှာလည်း လာရောက်ပူဇော်ကြပါတယ်။ ဟိန္ဒူဘာသာဝင်တွေရဲ့အဆိုအရ ဒီပ ဆိုတာ မီးအလင်းရောင်ကို ခေါ်ဆိုတာဖြစ်ပြီး ဒီပါဝလီ ဆိုတာ ဆီမီးခွက်တွေ စီတန်းထွန်းညှိပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ လတိုင်းလတိုင်းမှာ လကွယ်ဟာ အမှောင်ဆုံးနေ့ဖြစ်ပြီး တနှစ်ပတ်လုံးမှာ သီတင်းကျွတ်လကွယ်ဟာ အမှောင်ဆုံးလို့ ယူဆကြပါတယ်။ ဒီပါဝလီနေ့ဟာ ကာလီမယ်တော် ရှိခိုးတဲ့ပွဲထဲမှာ အကြီးမားဆုံး ရှိခိုးတဲ့ပွဲဖြစ်ပြီး  ဘုရားကျောင်းတိုင်း အိမ်တိုင်းမှာ ဆီမီးခွက်တွေ စီတန်းထွန်းညှိကာ ဘုရားမီးပူဇော်ကြပါတယ်။ ဒါကို အစွဲပြုပြီး မီးထွန်းပွဲတော် ဒီပါဝလီလို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024