လက်စတာနည်းပြ ရှိတ်စပီးယားကို ရာထူးမှ ထုတ်ပယ်

ဓာတ်ပုံ - ITV.com
2.4K
လက်စတာအသင်းက နည်းပြ ရှိတ်စပီးယားကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အသင်းရလဒ်တွေ မကောင်းလို့ သူ့ကို အမြဲတမ်းနည်းပြအဖြစ် ၄ လကြာ ခန့်အပ်အပြီးမှာ ထုတ်ပယ်လိုက်တာပါ။
အသက် ၅၃ နှစ်အရွယ် နည်းပြ ရှိတ်စပီးယားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ အထုတ်ခံရတဲ့နည်းပြ ရိုင်နရီရဲ့နေရာမှာ အစားထိုး ခန့်အပ်ခံရတာ ဖြစ်ပါတယ်။
လက်စတာအသင်းဟာ ဒီနှစ်ရာသီ အစပိုင်းကတည်းက ရလဒ်တွေ ဆိုးဝါးနေပြီး တန်းဆင်းဇုန်ထဲက အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ် ၈ ပွဲကစားရာမှာ ၁ ပွဲပဲ အနိုင်ရထားပါတယ်။
နည်းပြ ရှိတ်စပီးယား နောက်ဆုံးကိုင်တွယ်တဲ့ တနင်္လာနေ့က ပွဲစဉ်မှာလည်း လက်စတာဟာ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းအသင်းနဲ့ တဂိုးစီ သရေကျထားပါတယ်။