ပေါ်တူဂီတွင် လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံး

ဓာတ်ပုံ - SCMP
ပေါ်တူဂီနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်နေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ပြီး ၇၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့က ညလုံးပေါက် မိုးရွာသွန်းတာရယ်၊ အပူချိန်ကျဆင်းတာရယ်ကြောင့် မီးသတ်သမားတွေဟာ အခုအခါ တောမီးအတော်များများကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ တောမီးလောင်မှု အဆိုးဆုံးနေရာတွေထဲက တခုဖြစ်တဲ့ ပါရေဂျီစ့်မြို့မှာ မီးတောက်ငယ်လေးတွေ လောင်နေတာကို မြင်တွေ့ရပါသေးတယ်။ ရွာတွေမှာ လူတွေမရှိတော့ဘဲ လူနေအိမ်တွေဟာ မီးကျီးခဲတွေအနေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ လမ်းတွေကိုလည်း ဆက်လက်ပိတ်ထားဆဲ ဖြစ်ပါတယ်။ အခု ပေါ်တူဂီတောမီးဟာ ၄ လအကြာ ဒုတိယမြောက် လောင်ကျွမ်းတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လကလည်း တောမီးအကြီးအကျယ် လောင်ခဲ့တာကြောင့် လူ ၆၄ ဦး သေဆုံးခဲ့ပြီး ၂၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up