ချန်ပီယံလိဂ်တွင် ဒေါ့မွန် သရေကျပြီး နောက်တဆင့်တက်ရေး ထိခိုက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 18 October, 2017
2.5K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ တတိယမြောက်ပွဲစဉ်မှာ ဂျာမန်ကလပ် ဒေါ့မွန်က ဆိုက်ပရပ်စ်ကလပ် အေပိုးနီကိုရှား အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားလို့ နောက်တဆင့်တက်ရောက်ရေး မျှော်လင့်ချက်တွေ ထိခိုက်သွားရပါတယ်။
ဒေါ့မွန်အသင်းဟာ အဝေးကွင်းမှာ အေပိုးနီကိုရှားအသင်းကို တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
အိမ်ရှင် အေပိုးအတွက် ဦးဆောင်ဂိုးကို ၆၂ မိနစ်မှာ ပိုတီက သွင်းယူပါတယ်။
နောက်ထပ် ၅ မိနစ်လောက်မှာပဲ ဒေါ့မွန်အတွက် ချေပဂိုးကို ဆိုကရေတစ်က သွင်းယူပြီး သရေကျသွားပါတယ်။
ဒေါ့မွန်ဟာ ကစားပြီးတဲ့ ၃ ပွဲမှာ ၁ မှတ်သာ ရသေးပြီး စပါးနဲ့ ရီးရဲလ်က ၇ မှတ်စီရထားပြီး အုပ်စုကို ဦးဆောင်နေပါတယ်။
ဒေါ့မွန်ဟာ အုပ်စုတွင်း လက်ကျန် ၃ ပွဲစလုံး အနိုင်ရမှ အုပ်စုကနေတက်နိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။