တလခွဲခန့်ရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများ ပြန်စ
DVB
·
October 17, 2017
တလခွဲနီးပါးကြာ ရပ်နားထားခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေ ဒီကနေ့ ပြန်လည်စတင် ကျင်းပပါတယ်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွေအဖြစ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုအစည်းအဝေးတွေကို ပြန်လည်ကျင်းပတာ လည်း ဖြစ်ပါတယ်။
လွှတ်တော်ရပ်နားထားစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်ပခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို အသိပေးတင်ပြခြင်းနှင့် မှတ်တမ်းတင်ခဲ့ကြပါတယ်။