အနည်းဆုံးအခကြေးငွေနှုန်းထား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ထုတ်ပြန်
DVB
·
October 17, 2017
အနည်းဆုံးအခကြေးငွေဆိုင်ရာနှုန်းထား ၆၆၀၀ ကျပ်ပေးဖို့ အဆိုပြုချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်လိုက်ပါတယ်။
အနည်းဆုံးအခကြေးငွေ ၆၆၀၀ နှုန်းအဆိုပြုနိုင်ဖို့အတွက် သတ်မှတ်ခဲ့ရတာဟာ စားဖို့၊ နေဖို့၊ ဝတ်ဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုတဲ့ အချက် ၆ ချက်ပေါ်မှာ အခြေခံပြီးဆွေးနွေးခဲ့တာကြောင့် ၆၆၀၀ နှုန်းကို နောက်ဆုံး သတ်မှတ်အတည်ပြုခဲ့ရတာလို့ CTUM က အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီဝင်ဖြစ်တဲ့ ဦးဝင်းဇော်က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Crchild Hotel မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) က အနည်းဆုံးအခကြေးငွေဆိုင်ရာ သဘောထား ထုတ်ပြန်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အလုပ်သမားဖွဲ့စည်းပေါင်း ၂၅၀၀ ကျော်ရှိတဲ့အထဲမှာ အလုပ်သမားအဖွဲ့စည်းပေါင်း ၈၀၀ ကျော်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM)က ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM)မှာ အလုပ်သမားပေါင်း ၆၅၀၀၀ ကျော်ရှိတယ်လို့ CTUM က ဗဟိုကော်မတီဝင် ဒေါ်ခိုင်ဇာအောင်က ဒီဗွီဘီကို ပြောပါတယ်။