နမ့်စမ်မြို့တွင် ၁၀၀၀၀ တန်အတုဖြင့် ဈေးဝယ်သည့် အမျိုးသားကို ဖမ်းမိ
DVB
·
October 17, 2017
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စမ်မြို့ အမှတ် (၅) ရပ်ကွက် ဈေးလမ်း စည်သူကုန်စုံဆိုင်မှာ အောက်တိုဘာ ၁၅ ရက်နေ့ ည ၉ နာရီလောက်က ၁၀၀၀၀ တန် ငွေစက္ကူအတုနဲ့ ဈေးလာရောက်ဝယ်သူ အမျိုးသားတဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
ငွေစက္ကူအတုနဲ့ ဈေးလာဝယ်တာကို ဆိုင်ရှင်က သိပြီး ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်တိုင်ကြားတာကြောင့် ဖမ်းမိခဲ့တယ်လို့ နမ့်စမ်ရဲစခန်းမှ သိရပါတယ်။
ငွေအတု ကိုင်ဆောင်ထားသူမှာ အမှတ် ၁ ရပ်ကွက် ဗန္ဓုလလမ်းမှာတဲ့ အသက် ၃၆ နှစ်အရွယ် အောင်ဆန်းဝင်း ဖြစ်ပြီး ထပ်မံစစ်ဆေးရာ အနွေးထည်ရှေ့ ယာဘက်အိတ်ကပ်အတွင်းမှ ၁၀၀၀၀ တန် ငွေစက္ကူအတု ၇ ရွက် ထပ်မံတွေ့ရှိရပြီး ကုန်စုံဆိုင်မှာ သုံးထားတဲ့ ငွေစက္ကူတရွက် အပါအဝင် အားလုံး စုစုပေါင်း ၈ ရွက် ဖမ်းဆီးရမိခဲ့တာပါ။
အခုလို ငွေအတုတွေ ဖမ်းဆီးရမိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ပတ်သက် ဆယ်နွှယ်သူတွေကို ရဲက စုံစမ်းဖော်ထုတ် စစ်ဆေးနေတယ်လို့ နမ့်စမ်န်ရဲစခန်းက သိရပါတယ်။
အဆိုပါ ငွေအတု လက်ဝယ်တွေ့ရှိထားသူ အောင်ဆန်းဝင်းကို (ပ)၇၂/၂၀၁၇ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် အရေးယူထားကာ ရဲအုပ်မင်းဆွေမှ စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - သန်းစိုးအောင်