Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 17, 2017
ပေါ်ဆန်းမွှေး (နယ်စုံ- ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ ရွှေဘို) ဝါးတန်းကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းမွှေးဆန် (နယ်စုံ- ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ ရွှေဘို) ၁ အိတ်ကို ၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၆,၀၀၀ ကြား ဈေးမြင့်တက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပါတယ်။ မြီးဒုံးဆန် မြီးဒုံဆန်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးမြင့်တက်လာပါ တယ်။ ငစိန် ငစိန်ဆန်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးမြင့်တက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ၂၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၃,၅၀၀ ရှိပါတယ်။ မတ်ပဲ ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄၅၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၈,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ငရုတ်ပွ ငရုတ်ပွကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၀၀ ကျပ် ဈေးမြင့်တက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၇,၂၀၀ ကျပ်ကနေ ငွေကျပ် ၈,၀၀၀ ကျပ် ရှိပါတယ်။ ကြက်သွန်နီ ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၈၂၅ ကျပ်ကနေ ငွေကျပ် ၂,၃၂၅ ကျပ် ပေါက်ဈေး ရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းနက်(စမုံ) မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၁၂၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နှမ်းညို နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ၉၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၃, ၀၀၀ ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024