အလုပ်ရှင်ဆုပေးပွဲ ပထမဆုံးအကြိမ် ပြုလုပ်မည်
ပိုင်စိုး
·
October 17, 2017
မြန်မာနိုင်ငံမှာ ပထမဆုံးပြုလုပ်မယ့် အလုပ်ရှင်ဆုပေးပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ်လို့ သိရပါတယ်။
အွန်လိုင်းအလုပ်ရှာဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ Jobnet က ပြုလုပ်တာ ဖြစ်ပြီး ဆုပေါင်း ၁၀၀ ကျော် ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
အလုပ်ခွင်မှာ အဆင်ပြေမှုရှိတာ၊ အလုပ်ခွင်မှာ သင်ကြားပေးမှုတွေရှိတာ စတဲ့ ခေါင်းစဉ် ၇ မျိုးနဲ့ ဆုတွေပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီပေါင်း ၄၀ ကျော်က ပြိုင်ပွဲအတွက် လျှောက်ထားကြပြီး ဘဏ်၊ သင်တန်းကျောင်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆေးကုသမှု ဝန်ဆောင်မှု လုပ်ငန်း စတာတွေပါတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေကို အကောင်းဆုံး စောင့်ရှောက်နိုင်တာ၊ အလုပ်အကိုင်ပေးနိုင်တာ၊ ကတိကဝတ်တွေ ဖြည့်ဆည်းပေးတာ စတဲ့အပေါ်မှာ ဆုံးဖြတ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ ဆုပေးသွားမယ်လို့ သိရပါတယ်။