ရွှေဘိုတွင် ဆိုင်ကယ်တိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသူ သေဆုံး
Aung Ko Latt
·
October 17, 2017
ရွှေဘိုမြို့နယ်၊ ဘိုတဲကုန်းရွာနားမှာ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြပြီး တက္ကသိုလ်ကျောင်းသူတယောက် သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက ရွှေဘို-ရေကြည်ဝကားလမ်းမှာ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူနှစ်ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တို့ တိုက်မိကြတာပါ။
ဆိုင်ကယ်မောင်းနှင်လာတဲ့ ဝန်းသိုမြို့နယ်၊ သဖန်းဆိပ်ရွာနေ မမြင့်မြင့်ထွေးဟာ ပါးစပ်၊ နှာခေါင်းက သွေးထွက် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ကလိုက်ပါသူကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီအပေါ်မှာ ရွှေဘိုရဲစခန်းမှာ မမြင့်မြင့်ထွေးနဲ့ သုံးဘီးမောင်းနှင်သူ ဝင်းဇော်တို့ကို ပေါ့လျော့မှု၊ လူသေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၀၄ (က) နဲ့ အမှုဖွင့်ထားပြီး ဝင်းဇော်ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။